Home » Activities Plan

Activities Plan

သင်ကြားရေးအစီအစဉ်

 

နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် သင်ကြားပို့ချလျက်ရှိသော အင်ဂျင်နီယာဘာသာရပ် များမှာ

 

(က) မြို့ပြအင်ဂျင်နီယာသင်တန်း(Civil Engineering)
(ခ) အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း(Electronic Engineering)
(ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း(Electrical Power Engineering)
(ဃ) စက်မှုအင်ဂျင်နီယာသင်တန်း(Mechanical Engineering)
(င) မက္ကာထရောနစ် အင်ဂျင်နီယာသင်တန်း (Mechatronics Engineering)
(စ) သုတနည်းပညာသင်တန်း (Information Technology)

 

ပညာသင်နှစ်တစ်နှစ်စာကျင်းပမည့်အစီအစဉ်များ

 

ပညာသင်နှစ်တစ်နှစ်တွင် ဖော်ပြပါ Activities များကိုပြုလုပ်မည်ဖြစ်ပါသည်။

 

  • စီနီယာကျောင်းသား/ ကျောင်းသူများမှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကို ကြိုဆိုပွဲပြုလုပ်ပေးခြင်း။
  • အားကစားပြိုင်ပွဲများကျင်းပခြင်း။
  • ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် စျေးရောင်းပွဲတော်များကျင်းပခြင်း။
  • ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်မှုရှိစေရန် ထမနဲထိုးပွဲကျင်းပခြင်း။
  • ဝါတွင်းကာလတွင် ဝါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပွဲကျင်းပခြင်း။
  • ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား အာစရိယပူဇော်ပွဲကျင်းပခြင်း။

 

ဖွဲ့စည်းထားရှိသည့်အသင်းအဖွဲ့များစာရင်း

နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် အောက်ဖော်ပြပါအသင်းအဖွဲ့များအား ဖွဲ့စည်းထား ရှိပါသည်။
 

  • ဗုဒ္ဓဘာသာအသင်း
  • သွေးလှူရှင်အသင်း